Get Up to 40% OFF New-Season StylesMenWomen * Limited time only.

ပစ္စည်းပြန်အမ်းခြင်းနှင့် လဲလှယ်ခြင်း

ပစ္စည်းပြန်အမ်းခြင်းနှင့် လဲလှယ်ခြင်း

Yati Online Shop ဟာ အွန်လိုင်း ဈေးဝယ်တာနဲ့ ပတ်သတ်ပြီး အကောင်းဆုံး အတွေ့အကြုံတွေ ပေးနေပါတယ်။ Customer များ ပစ္စည်းလက်ခံပြီး ၇ရက်အတွင်း ပြန်အမ်း ချင်တယ်ဆိုရင် အောက်ပါ အချက်များနဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်။

  • လူကြီးမင်းဆီ ရောက်လာတဲ့ ပစ္စည်းတွေက ကိုယ်မှာထားတာတွေ မဟုတ်ပဲ ဖြစ်နေတယ်။
  • ပစ္စည်းတွေက ပျက်စီးပြီး သုံးမရ ဖြစ်နေတယ်။

အထက်ပါ ၂ ချက်ကြောင့် ပစ္စည်းပြန်လဲချင်တယ် (သို့မဟုတ်) ငွေပြန်အမ်း ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို အမြန်ဆုံး ဆက်သွယ်ပေးပါ။ ပြန်ပို့တဲ့ ပစ္စည်းတွေကို တော့ မူလ ထုပ်ပိုးထားတဲ့ အတိုင်း ပြန်ထုပ်ပေးပါ။ ပို့ဆောင်ရေး ကုမ္ပဏီကို အကြောင်းကြားပြီး လူကြီးမင်းတို့နဲ့ သဘောတူထားတဲ့ ရက်အတွင်း ပြန်ပို့နိုင်အောင် လုပ်ပေးပါမယ်။ လူကြီးမင်းတို့ဆီမှ ပစ္စည်းတွေ ပြန်ရတဲ့အခါ စစ်ဆေးမှုတွေ အရင်ပြုလုပ်ပြီးမှ ပစ္စည်းပြန်လဲတာ ဖြစ်စေ၊ ငွေပြန်အမ်းတာဖြစ်စေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

အထက်ပါအချက်၂ချက်ကြောင့် ပစ္စည်းပြန်လဲပေးရမယ်ဆိုရင် ဝန်ဆောင်မှုကုန်ကျစရိတ်များကို ‘ရတီ’ဘက်မှသာ ကျခံမှာဖြစ်ပါတယ်။

ဘယ်လို အခြေအနေ မျိုးမှာ ပစ္စည်းပြန်လဲပေးတာ (သို့မဟုတ်) ငွေပြန်အမ်းပေးတာမျိုး လုပ်ပေးပါသလဲ ?

လူကြီးမင်းတို့ဝယ်ယူထားတဲ့ပစ္စည်းတွေဟာ အောက်ပါအချက်များနဲ့ကိုက်ညီမယ်ဆိုရင် ပစ္စည်းပြန်အမ်းတာဖြစ်စေ၊ငွေပြန်အမ်းတာဖြစ်စေ လုပ်ပေးလို့ရနိုင်ပါတယ်။

  • ပစ္စည်းအရွယ်အစားမှားနေတယ်
  • ပစ္စည်းမှားပြီး အော်ဒါမှာယူမိတယ်

ကျေးဇူးပြုပြီး ၇ရက်အတွင်း အကြောင်းကြားပေးပါ။ သို့သော် လူကြီးမင်းတို့ရဲ့ ပုဂ္ဂိုလ်ရေးအရ မကြိုက် မနှစ်သက်လို့  ပြန်အမ်းရမယ် ဆိုရင် ပို့ဆောင်ခနဲ့ အခြားဝန်ဆောင်ခ တွေကိုတော့ လူကြီးမင်းတို့ဘက်မှ ပေးဆောင်ရမှာ ဖြစ်ပါတယ်။လူကြီးမင်းတို့ ပြန်ပို့လာတဲ့ ပစ္စည်းတွေဟာ နဂိုမူလအတိုင်း ရှိနေရမှာဖြစ်ပါတယ်။ ဥပမာ-ကျွန်ုပ်တို့ဘက်မှ ပို့ပေးလိုက်တဲ့ လက်ဆောင် ၊ Accessory ၊ Warranty Card စတာတွေကို နဂို ထုပ်ပိုးထားတဲ့ အတိုင်းနဲ့ တခြား စာရွက်စာတမ်းတွေ ပါတယ်ဆိုရင် အကုန်ပြန်ပါလာရမှာ ဖြစ်ပါတယ်။ဒါ့အပြင် အောက်ပါ အခြေအနေတွေဟာလည်း အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

  • ကုန်ပစ္စည်းများ ထိခိုက်ပျက်စီးခြင်းမရှိပေမယ့် အထုပ်အပိုးတွေပျက်စီးနေတယ်
  • တံဆိပ်တွေကွာနေတယ်
  • လူကြီးမင်းတို့ကြောင့် ပစ္စည်းနဲ့ဆက်စပ်ပစ္စည်းတွေထိခိုက်ပျက်စီးသွားတယ်

အဲ့ဒါဆိုရင်တော့ ပြန်လဲပေးလို့မရနိုင်ပါ။

ပစ္စည်းပြန်လဲမယ်ဆိုရင် ဘယ်နှစ်ရက်စောင့်ရမလဲ ?

လူကြီးမင်းတို့ဆီမှ ပစ္စည်းပြန်ယူပြီး ကျွန်ုပ်တို့ရဲ့ သိုလှောင်ရုံကို ရောက်ဖို့ဆိုရင် ၂ရက်မှ၃ရက် အထိကြာမြင့်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းတွေက ပစ္စည်းတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ စစ်ဆေးပြီး လူကြီးမင်းတို့ဆီ ပစ္စည်းပြန်ပို့မယ်ဆိုရင် စုစုပေါင်း ၁၀ရက်ခန့် ကြာမှာဖြစ်ပါတယ်။

ပစ္စည်းပြန်အမ်းပြီး ငွေပြန်ယူမယ်ဆိုရင် ဘယ်နှစ်ရက်စောင့်ရမလဲ ?

လူကြီးမင်းတို့ ပြန်ပို့လာတဲ့ ပစ္စည်းအပေါ် မူတည်ပြီး ငွေပြန်အမ်း ပေးနိုင်တယ်လို့ အတည်ပြုပြီးတဲ့အခါ ကျွန်ုပ်တို့ဘက်မှ လူကြီးမင်းတို့ထံ ဆက်သွယ်ပါမယ်။ ပြီးရင်တော့ လူကြီးမင်းရဲ့ ဘဏ်အကောင့်ထဲသို့ ငွေပြန် ထည့်ပေးမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၇ရက်ခန့်ကြာမှာ ဖြစ်ပါတယ်။